Han Toe San / Than Lwin Times
မြန်မာ့အရေးနဲ့ပတ်သက်တဲ့ Burma Act ကို ထည့်သွင်းပြဌာန်းထားတဲ့ အမေရိကန်အစိုးရရဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ NDAA ကြောင့် စစ်ကောင်စီ တပ်တွင်း CDM ပြုလုပ်လိုသူတွေ ပိုများလာတယ်လို့ CDM အရာရှိတွေနဲ့ စစ်သားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့(EAO) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို လက်နက်မဟုတ်တဲ့ နည်းပညာနဲ့ လူကိုသေစေနိုင်တာ မရှိတဲ့အရာတွေ ထောက်ပံ့ပေးမယ့် NDAA ဥပဒေကို အမေရိကန် သမ္မတဘိုင်တန်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ အတည်ပြုလက်မှတ်ရေးထိုးထားတာပါ။