Han Toe San
လက်နက်ကိုင်တော်လှန်မှုတွေကြောင့် ပြည်နယ်တစ်ခုလုံး တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယား(ကရင်နီ) ပြည်နယ်မှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက်လှုပ်ရှားစရာနယ်မြေက ကျဉ်းမြောင်းလာတယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လွိုင်ကော်၊ ဒီမော့ဆို၊ဖားဆောင်း၊မယ်စဲ့၊ဘောလခဲ၊ရှားတောနဲ့ဖရူဆိုမြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။