Phyoe Pyae Pyae Khin
တပ်အင်အား ပြုန်းတီးမှုကို အကြီးအကျယ် ရင်ဆိုင်နေရတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၃ ခုနှစ်အတွင်း လေကြောင်း စစ်ဆင်ရေးတွေ ပိုမို အရှိန်အမြှင့်တင်လာနိုင်တယ်လို့ CDM လေတပ် အသိုင်းအဝိုင်းကနေ သိရပါတယ်။
စစ်ကောင်စီဟာ စစ်နည်းဗျူဟာ အမျိုးမျိုးသုံးပြီး နွေဦးတော်လှန်ရေးကို ဖြိုခွင်းဖို့ ကြိုးစားခဲ့ပေမယ့် အာဏာသိမ်း၂နှစ်ကျော်ကြာအထိ မအောင်မြင်သေးပါဘူး။